ခြုံငုံသုံးသပ်ချက်
ဒီဇာတ်ကားမှာတော့ မသန်စွမ်းရောဂါရှင် သားဖြစ်သူနဲ့ သားအတွက်အိပ်မက်နဲ့ ဘဝကို စွန့်လွှတ်အနစ်နာခံရင်းအစွမ်းကုန်စောင့်ရှောက်သွားတဲ့ အဖေတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ခံစားကြည့်ရှုကြရမှာပါဂျန်မင်ဆော့ဟာ ငယ်ရွယ်စဉ်က နာမည်ရှိတဲ့စာရေးဆရာတစ်ဦးဖြစ်ပြီး အတော်လေးအောင်မြင်ခဲ့သူပါ။ဒါပေမယ့် သူ့ရင်သွေးလေးဟာ မသန်စွမ်းရောဂါနဲ့ မွေးဖွားလာတာကို သိရှိပြီးနောက်ပိုင်းမှာသူဟာ စာရေးဆရာဘဝကို စွန့်လွှတ်ပြီး အမေမဲ့ သားဖြစ်သူရဲ့ ကျန်းမာရေးအတွက် သူ့ရဲ့ ဘဝကို စွန့်လွှတ်မြှုပ်နှံထားခဲ့ပါတယ်။တစ်ဖက်မှာတော့ သားဖြစ်သူ ဂျန်ဟျွန်းဂျယ်ဟာ မိသားစုအကူအညီမပါဘဲနဲ့နေ့စဉ်ဘဝမှာ အဆင်မပြေနိုင်တဲ့ မသန်စွမ်းတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့် သူ့အတွက် လူမှုရေးဝန်ထမ်းအကူအညီဖြစ်တဲ့ရွယ်တူသူငယ်ချင်း ဆောင်ဂီချောရဲ့ မြှောက်ပင့်ပေးမှုကြောင့် သပ်သပ်အိမ်ခွဲနေချင်နေတာပါ။အဖေ့ကို တောင်းဆိုတဲ့အခါမှာတော့ အဖေဟာ မဖြစ်နိုင်ကြောင်း ငြင်းဆန်တဲ့အတွက်ကတောက်ကဆဖြစ်ကြရင်း မတော်တဆဖြစ်သွားပါတော့တယ်။ဒီမတော်တဆကနေမှတဆင့် အဖေဖြစ်သူဟာ ကုသလို့မရနိုင်တဲ့အာရုံကြောဆိုင်ရာ ရောဂါတစ်ခုရှိနေပြီး ပိုပြီးပြင်းထန်လာဖို့ပဲ ရှိတော့တာကို သိလိုက်ရတဲ့အခါမှာတော့